မိုးနဲမြို့နယ်၌ တီဘီရောဂါရှာဖွေခြင်းနှင့် အခမဲ့ကုသ‌ပေးခြင်း ကွင်းဆင်းဆောင်ရွက်

မိုးနဲ မေ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် တီဘီရောဂါရှာဖွေရေး၊ ကုသရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်သူ့ဆေးရုံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနနေရာ၌ ကွင်းဆင်းလာ‌ရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တောင်ကြီးမြို့၊ ပြည်နယ်တီဘီရောဂါတိုက်ဖျတ်ရေးဌာနမှ ဒေါက်တာစိုင်းသန်းထိုက်အောင် ဦးဆောင်၍ မိုးနဲမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာ‌‌ရေးဦးစီးဌာန တို့ပူးပေါင်းကာ တီဘီသံသယလူနာများ၊ ရှာဖွေဖော်ထုတ်ခြင်း၊ သလိပ်စစ်ဆေးခြင်းနှင့် Digital Portable X-ray ဖြင့် ရင်ခေါင်းဓာတ်မှန်ရိုက်၍ တီဘီလူနာရှာ‌ဖွေကုသခြင်းလုပ်ငန်းများကို မြို့ပေါ် ရပ်ကွက်ရှိပြည်သူများအား အခမဲ့ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အလားတူ မေ ၂၅ ရက်နေ့က ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က မိုင်ဟိုင်းကျေးရွာအုပ်စု အတွင်းတီဘီရောဂါရှာဖွေကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)