ကျောင်းကုန်း မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ "9-ပွိုင့်" အဆင့်မြင့် အအေးခန်းဧည့်ရိပ်သာအား မီးဘေးလုံခြုံ ရေးအတွက် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က လိုက်လံစစ်ဆေးခဲ့ကြသည်။
အလားတူ "သုခကြွယ်"၊ "မြနန်းတော်" ဧည့်ရိပ်သာများသို့လည်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသစ္စာထွန်းတို့က မီးသတ်ဆေးဘူးထားရှိမှု၊ လျှပ်စစ်သွယ်တန်းသုံးစွဲမှု၊ မီးသုံးစွဲမှု၊ မီးဘေးတားဆီးကာကွယ်ရေးပစ္စည်းများ ထားသိုသုံးစွဲမှုအခြေအနေများကို စစ်ဆေးကာ လိုအပ်သည်များ လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)