အမြို့မြို့အနယ်နယ်သတင်းများ

May 10,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း သောက်သုံးရေ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးဆောင်၍ ချောင်းဆုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်ပူးပေါင်းကာ မေလ (၇) ရက်နေ့နှင့် (၉) ရက်နေ့တို့တွင် သောက်သုံးရေရှားပါးသည့် ကျေးရွာ(၇)ရွာသို့ သောက်သုံးရေများ(အခမဲ့) သွားရောက်လှူဒါန်းခဲ့ကြသည်။
May 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ ပူးပေါင်း၍ မြို့နယ်အတွင်း သောက်ရေပြတ်လပ်မှု မရှိစေရေးသောက်ရေများ လိုက်လံဖြန့်ဝေ ပေးခြင်းကို ယနေ့နံနက်ပိုင်း အချိန်ကဖျာပုံမြို့နယ် သမိန်ထောကျေးရွာသို့ သောက်ရေများ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
May 10,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ စာရေးဆရာ မောင်ခင်ခင်(ဓနုဖြူ)၏ “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းတည့် (၁၂) နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
May 10,2024
ပူပြင်းခြောက်သွေ့သော နွေရာသီ၌ ကျေးရွာပြည်သူများ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးက ကျိုက်မရောမြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်အခဲရှိနေသော ကျေးရွာများသို့ ယနေ့နံနက်ပိုင်းမှစတင်ကာ ရေသယ်ယာဥ်ကြီးဖြင့် သောက်သုံးရေ ဂါလံ(၅၄၀၀)ကို ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
May 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကလေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
May 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဆေးဝါးမှတ်ပုံတင် ရရှိပြီးသော ဆေးဝါးများနှင့် Brand Name ဆင်တူသော မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ်မပါရှိဘဲ တရားမဝင်တင်သွင်းထားသည့် ဆေးဝါးများကို ရောင်းချနေမှုများ ရှိ/မရှိနှင့် အများပြည်သူများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းသော ဆေးဝါးများ သုံးစွဲနိုင်ရေးတို့အတွက် ယနေ့ နံနက်ပိုင်းက ဆေးဝါးရောင်းချသော  ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။