အမြို့မြို့အနယ်နယ်သတင်းများ

May 10,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရေးနှင့် ရေပြတ်လပ်မှုမရှိစေရေးတို့အတွက် မေ ၈ ရက်၊ နံနက် ၈ နာရီအချိန်မှစတင်ကာ သောက်သုံးရေများဖြန့်ဝေပေးခြင်းနှင့် လျှပ်စစ်ဖြင့် ရေတင်သည့် အဝီစိတွင်းများ၊ ဆိုလာစနစ်ဖြင့်ရေတင်သည့် ရေတွင်းများ၊ ဒီဇယ်အင်ဂျင်သုံးရေတွင်းများ ရေရရှိမှုအခြေအနေများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
May 10,2024
“ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ယနေ့ မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စိုက်ထူခဲ့သည်။
May 10,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြည်သူများသို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသော နေရာများသို့ ညောင်ဦးခရိုင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
May 10,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ယမန်နေ့နံနက် ၅ နာရီဝန်းကျင်ခန့်က မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ ၈ ရွာမှ လူနေအိမ် ၇၉ အိမ်၊ ဘုန်းကြီးကျောင်းဆောင် ၄ ဆောင်၊ စာသင်ကျောင်းဆောင် ၂ ဆောင်၊ ဝန်ထမ်းအိမ်ယာ ၁ အိမ် အမိုးလန်ပျက်စီးခဲ့ပြီး ဓာတ်တိုင် ၂၆ တိုင် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။
May 10,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်ရှိ ဉာဏ်အလင်းစာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာဖတ်သည့်အလေ့အထများဖြစ်စေရေး၊ အသိ ပညာ၊ အတတ်ပညာ ဗဟုသုတပြည့်စုံစေရေး၊ စာအုပ်များ စနစ်တကျထားရှိရေး၊ နေ့စဉ်ထုတ်သတင်းစာများ ထားရှိရေး၊ သုတရသစာအုပ်စာစောင်များ ပြည့်စုံစွာထားရှိရေး၊ စာကြည့်တိုက်တွင် လူငယ်လူရွယ်များအတွက် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခြင်း၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရေး၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
May 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်၊ စာပေအလွယ်တကူဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုရှိစေရေး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ အခမဲ့ငှားရမ်းပေးလျက်ရှိသည့်အပြင် လုပ်ငန်းတာဝန်များကြောင့် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးများတွင်လည်း စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်ပြီး စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
May 10,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးဌာန လက်အောက်ခံ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
May 10,2024
ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လယ်ပြင်မကျေးရွာအုပ်စု၊ လယ်ပြင်မကျေးရွာတွင် ယမန်နေ့မွန်းလွဲပိုင်းက လေပြင်းတိုက်ခိုက်၍ လယ်ပြင်မကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၂၅ x ၉၀ ပေရှိ စာသင်ကျောင်းဆောင် ၁၂ ပေသွပ် ၆၀ ချပ်၊ ကိုးပေသွပ် ခြောက်ချပ် အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့သည်။