သာပေါင်း မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်နှံရေး သီတင်းပတ်”ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”၂၀၂၄ ခုနှစ်၊ မေ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ နေ့စွဲပါ ဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့ မေလ ၉ ရက်နေ့၊ ညနေ ၃ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)ရှေ့၌စိုက်ထူခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်နှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်တို့က ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်”ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဆောင်ပုဒ်ပါ ၂၀၂၄ ခုနှစ်၊ မေ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ နေ့စွဲပါကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးပူးပေါင်းစိုက်ထူးကာ အောင်သပြေခတ်နှင့်အမွှေးနံ့သာရေများပတ်ဖျန်း စိုက်ထူခဲ့ကြကြောင်းသိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်