ဖျာပုံမြို့နယ်သမိန်ထောကျေးရွာတွင်သောက်ရေများလိုက်လံဖြန့်ဝေပေး

ဖျာပုံ   မေ   ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ ပူးပေါင်း၍ မြို့နယ်အတွင်း သောက်ရေပြတ်လပ်မှု မရှိစေရေးသောက်ရေများ လိုက်လံဖြန့်ဝေ ပေးခြင်းကို ယနေ့နံနက်ပိုင်း အချိန်ကဖျာပုံမြို့နယ် သမိန်ထောကျေးရွာသို့ သောက်ရေများ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးသောက်ရေများ လိုက်လံဖြန့်ဝေပေးရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးသက်နိုင်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပဲ့တင်သံပရဟိတ အသင်းမှတာဝန်ရှိသူများသည်ခရိုင်မီးသတ်ဦးစီးဌာနပိုင် ရေသယ်ယာဥ် (၂)စီးဖြင့်သောက်ရေ လိုအပ်လျက်ရှိသော သမိန်ထောကျေးရွာရှိ ပြည်သူများအား သောက်ရေ ပြတ်လပ်မှုမရှိစေရေး သောက်ရေများကို လိုက်လံဖြန့်ဝေပေးကြသည်။ ထိုသို့သောက် ရေများလို က်လံဖြန့်ဝေပေးခြင်းကို မြို့နယ်အတွင်းရှိ သောက်ရေ လိုအပ်လျက်ရှိသော ရပ်ကွက်/ ကျေးရွာများအား နေ့ရက်အလိုက် ဖြန့်ဝေပေးလျက်ရှိကြောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)