ချောင်းဆုံ မေ ၁၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း သောက်သုံးရေ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးဆောင်၍ ချောင်းဆုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်ပူးပေါင်းကာ မေလ (၇) ရက်နေ့နှင့် (၉) ရက်နေ့တို့တွင် သောက်သုံးရေရှားပါးသည့် ကျေးရွာ(၇)ရွာသို့ သောက်သုံးရေများ(အခမဲ့) သွားရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါ သောက်သုံးရေများလှူဒါန်းခြင်းကို မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့် နေရာဒေသများသို့ သောက်သုံးရေများဖြန့်ဝေလျက်ရှိကြောင်း၊ ချောင်းဆုံမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့် (ကညှော်၊ ကော့မုပွန်၊ ကွမ်ရိုက်၊ ဘိုးနက် ၊ သက္ကော၊ ဒေါင်းဥ ၊ ကမာမို)ကျေးရွာများသို့ သောက်သုံးရေဂါလန် စုစုပေါင်း (၃၇၈၀၀) ဂါလန်ကို ကျေးရွာရေလှောင်ကန်နှင့်နေအိမ်များအရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)