Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးခရိုင်၊ ကလေးမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
May 15,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ် (ကလေး) ဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကလေးခရိုင်၊ ကလေးမြို့ရှိ သူနာပြုသားဖွားသင်တန်းကျောင်းခန်းမတွင် ကလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ နည်းပြဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ရုံး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
May 15,2024
သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာရေးသည် လူသားတိုင်းအတွက် မဖြစ်မနေ သတိပြုကြရမည်ဖြစ်ကြောင်း ဒေသနေပြည်သူများ သိရှိစေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ် Community Centre ခန်းမ၌ မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်
May 15,2024
ကျောက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းစီစဥ်မှုဖြင့် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပြပွဲ/ပြိုင်ပွဲများကျင်းပ
May 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့မှ ဓနုဖြူမြို့နယ်တွင် ဆီထွက်သီးနှံဇုန် (၂) မှ တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေး တ…
May 15,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက ဓနုဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးဆွေးနွေးပွဲလုပ်ငန်းစဉ် ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် ရိုဘတ်စတာကော်ဖီ (၂၇၄)ဧက တိုးချဲ့စိုက်ပျိုးရေးအတွက် ပျိုးပင်ပျိုးထောင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
May 15,2024
မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ကော်ဖီတိုးချဲ့စိုက်ပျိုးရေးကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂၀၂၄–၂၀၂၅) ခုနှစ်၊ မိုးရာသီတွင် ရိုဘတ်စတာကော်ဖီ (၂၇၄) ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်ပျိုးထောင်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းနှင့် တာဝန်ရှိသူများကယမန်နေ့က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့၌ သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ ဘွဲ့တံဆိပ်တော် (၃) ဘွဲ့ရ ဦးစန္ဒောဘာသ ၏ ဂုဏဝိသိဋ္ဌပူဇာ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ
May 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ ဘွဲ့တံဆိပ်တော် (၃) ဘွဲ့ရ ဦးစန္ဒောဘာသ ၏ ဂုဏဝိသိဋ္ဌပူဇာ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်၊ ၈ဖြတ်လမ်းရှိ ညောင်ငူပရိယတ္တိ စာသင်တိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
May 15,2024
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ DACA ခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ ဒုတိယဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထား သူများတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4892
Page
4893
Page
4894
Page
4895
Current page
4896
Page
4897
Page
4898
Page
4899
Page
4900
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department