ကျိုက်မရော မေ ၁၀
ပူပြင်းခြောက်သွေ့သော နွေရာသီ၌ ကျေးရွာပြည်သူများ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးက ကျိုက်မရောမြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်အခဲရှိနေသော ကျေးရွာများသို့ ယနေ့နံနက်ပိုင်းမှစတင်ကာ ရေသယ်ယာဥ်ကြီးဖြင့် သောက်သုံးရေ ဂါလံ(၅၄၀၀)ကို ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်သုံးရေများ ဖြန့်ဝေပေးရာသို့ ကျိုက်မရောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်သူဇာမင်းနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာနှင့် ရေရှားပါးသောရပ်ကွက်များသို့ အိမ်တိုင်ရာရောက် လှည့်လည်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည် ။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)