ကော့မှူးမြို့တွင် ဌာနဆိုင်ရာများ၊ ရပ်/ကျေးစာရေးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကော့မှူး  မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက တောင်ပိုင်းရပ်ကွက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝကပြောကြားရာတွင် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ဧကများအား တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးကြရန်၊ ကားလမ်းဘေးဝဲယာရှိစိုက်ဧကများတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စံပြကွက်များစိုက်ပျိုးဆောင်ရွက်သွားကြရန်၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲအခြားနည်းသုံးစွဲမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် မုန်တိုင်းအန္တရာယ်ဝင်ရောက်နိုင်မှုရှိသဖြင့် ပင်လယ်ကမ်းစပ်နှင့်နီးသော ကျေးရွာအုပ်စုများအနေဖြင့် နေရာ‌ရွှေ့ပြောင်းနိုင်ရေးကြိုတင်ဆောင်ရွက်ထားကြရန်၊ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် သံဃာတော်(၅၅၅၅)ပါးအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ကြရန်၊ အခြားမြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများတွေ့ရှိနေရသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံကြရန်၊ မေလ ၂၃ ရက်နေ့တွင် ကျောင်းအပ်နှံရေးစတင်တော့မှာဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်နှိုးဆော်သွားရန်နှင့် ကျောင်းတွင်းကျောင်းပြင်သန့်ရှင်းရေးဆောင်ရွက်သွားကြရန်၊ မေ(၃၁)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်မည့်အတည်ပြုလူဦးရေ(တတိယမူကြမ်း)မှန်ကန်စွာတင်ပြနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ကြရန်၊ ရပ်ကွက်/ကျေးရွာများအတွင်း လုံခြုံရေးအထူးကြပ်မတ်ဆောင်ရွက်ကြရန်နှင့် မီးဘေးလုံခြုံရေးအထူးသတိပြုကြရန် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသောဌာနဆိုင်ရာများက မိမိတို့ဌာန၏လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ‌ရပ်ကွက်/ကျေးရွာစာရေးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)