ညောင်လေးပင် မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အလုပ်သမားဥပဒေစစ်ဆေးရေးဌာနတို့ပူးပေါင်း၍ မြို့မဈေးရှေ့နှင့်ဈေးအတွင်း၌ မီးဘေး၊ လေပြင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထိုလက်ကမ်းစာစောင်များတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် ညွှန်ကြားချက်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ဝေထားသည့် မီးဘေး၊ လေပြင်းဘေး ဘေးအန္တရာယ်အသိပညာပေး လုပ်ငန်းစဉ်များ၊ မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ လေပြင်းကျရောက်ချိန်နှင့် ကျရောက်ပြီးချိန်တွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ရှားရမည့် အချက်များအား ပြည့်စုံစွာပါရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)