ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ သက်ကြီးရွယ်အို မိဘပြည်သူများရဲ့ လူနေမှုစီးပွားဘဝအဆင်ပြေချောမွေ့စေဖို့နဲ့ ရေရှည်ဘဝလုံခြုံမှုရှိစေဖို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းမိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်

ပင်းတယ မေ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ Global Grace Pindaya Hotel တွင် ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနနှင့် Age Myanmar ၊ (Older Persons Self – Help Groups)မှ သက်ကြီးရွယ်အိုမိပြည်သူများရဲ့ လူနေမှုစီးပွားဘဝအဆင်ပြေချောမွေ့စေဖို့နဲ့ ရေရှည်ဘဝလုံခြုံမှုရှိစေဖို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းမိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပသည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောသည်။ ထိုနောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က     စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ AgeMyanmar မှ ၂၀၂၆ ခုနှစ်၊ မေလမှ ၂၀၂၇ ခုနှစ်၊ ဩဂုတ်လအထိ ရှမ်းပြည်နယ်အတွင်းရှိ ညောင်ရွှေမြို့နယ်မှ ကျေးရွာ(၁၁)ရွာ၊ ပင်းတယမြို့နယ်မှ ကျေးရွာ(၁၁)ရွာ၊ စုစုပေါင်းကျေးရွာ(၂၂)ရွာ၌ နေထိုင်ကြတဲ့ သက်ကြီးများရဲ့ ဘဝမြှင့်တင်နိုင်ရေးနှင့် ပါဝင်ဆောင်ရွက်ခွင့်ရနိုင်ရေးအတွက် လိုအပ်တဲ့အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းမှာ ညောင်ရွှေနဲ့ ပင်းတယမြို့နယ်တွေမှာ သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့များဖွဲ့စည်းခြင်း၊ သုံးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း၊ အသိပညာပေးသင်တန်းများ  ဆောင်ရွက်ခြင်းနဲ့ အသက် (၇၀)နှစ်နှင့်အထက် ဘိုးဘွားများအား တစ်ဦးလျှင် (၁ လကျပ် ၁၅,၀၀၀/- နှုန်းဖြင့်  ဩဂုတ်လမှစပြီး တစ်နှစ်ထိထိ လစဉ်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)