ကြာအင်းဆိပ်ကြီး မေ ၁၈
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၆-၂၀၂၇ မိုးစပါးစိုက်ပျိုးရာသီအတွင်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆွေးနွေးပွဲနှင့်သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးရုံး သင်တန်းခန်းမတွင်ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝေလင်းညွန့်က မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေးဆွေးနွေးသည်။
ထို့နောက် တာဝန်ရှိသူများက ကျေးရွာအုပ်စု (၇)အုပ်စုမှ တောင်သူများကို သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များပေးအပ်ပြီး မြေဆီလွှာဖွံဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကြဲပက်မှုကို လက်တွေ့သရုပ်ပြသခဲ့ကြသည်။
ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီအတွင်းမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေထယ်ရေးခံခြင်း (၃၈၉၇၁)ဧက၊ မြေဆွေးထည့်သွင်းခြင်း(၁၀၀)ဧက၊ သဘာဝမြေသြဇာထည့်သွင်းခြင်း(၄၆၁၅)ဧက၊ ထုံးထည့်သွင်းခြင်း (၆၇၀၀)ဧက၊ စူပါဘိုကာရှီမြေသြဇာပြုလုပ်ခြင်း(၁၇၀)ဧက၊ ပိုက်ဆံလျှော်(၃၂၅)ဧကအား ပြုလုပ်ရန်လျာထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)