ကော့ကရိတ် မေ ၁၈
၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ် စတင်လက်ခံတော့မည်ဖြစ်သောကြောင့် ယနေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်နှင့် ရေလယ်ကုန်းကျေးရွာသို့ တစ်အိမ်တက်ဆင်း အသက် ၅ နှစ်ပြည့်မည့် ကျောင်းနေအရွယ်မှစ၍ Grade-12 အတန်းထိ စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။
စာရင်းများကောက်ယူရာ၌ ကျောင်းစတင်အပ်နှံမည့်ကလေး၏ မွေးစာရင်းအမှန်၊ မွေးသက္ကရာဇ်အမှန်၊ မိဘ မှတ်ပုံတင်မိတ္တူတစ်ပါတည်းယူဆောင်လာရန်၊ ကိုယ်ရေး အချက်အလက်များပြည့်စုံမှန်ကန်မှသာ နောင်တချိန် စိတ်အေးနိုင်ရေးအတွက် အလေးထား ကြရန်၊ ကျောင်းအပ်လက်ခံမည့်ရက်သည် မေလ ၂၅ ရက်မှ ၃၀ ရက်နေ့အထိဖြစ်၍ လာရောက်အပ်နှံကြဖို့ ကျောင်းသားမိဘများအား တိုက်တွန်းအသိပေးခဲ့သည်။
အဆိုပါ ကျောင်းနေစာရင်းများ ကောက်ယူရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ စုပေါင်း၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)