ရပ်စောက် မေ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လွယ်ကိုးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ရပ်စောက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုစားလှယ် ဦးအောင်ကျော်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးညွန့်ဝင်းက လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ထို့နောက် ရပ်စောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာမ ဒေါ်သင်းသင်းကြိုင်က အဆိုပါသင်တန်းတွင်သင်ကြားမည့် ဘာသာရပ်များနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွှန့်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးညွန့်ဝင်း၊ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေါ်သင်းသင်းကြိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ရဲမင်းအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်