ကော့ကရိတ် မေ ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကော့ကရိတ်ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရက် ၁၀၀စီမံချက်ဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကော့ကရိတ်ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀နာရီက တိရစ္ဆာန်ကူးစက်ရောဂါကာ ကွယ်ထိန်းချုပ်ခြင်း ပညာပေးသင်တန်းဖွင့်လှစ်သည်။
ဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာကျော်လွင်က ပညာပေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်း၌ ခွေးရူးလက္ခဏာပေါ်ပေါက်လာပါက ကာ ကွယ်ရမည့်နည်းလမ်းများ၊ ဝက်များ၌ ဖြစ်ပွားတတ်သည့်ရောဂါလက္ခဏာများနှင့်ကာကွယ်ရမည့် နည်းလမ်းများ၊ နွားများတွင် ဖြစ်ပွားတတ်သည့်ရောဂါများ၊ ကူးစက်ရောဂါများဖြစ်ပေါ်လာပါက ကာကွယ်ခြင်း၊ ကုသခြင်းကို အလေးထားဆောင်ရွက်နိုင်ရေးအတွက် ပညာပေးသင်ခန်းစာများ ပို့ချသည်။ အဆိုပါသင်တန်းကို မေ ၁၈ရက်မှ ၂၀ရက်အထိ သင်တန်းသား ၂၀ တို့အား သုံးရက်သာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး တက်ရောက်လာသည့် သင်တန်းသားများအား RETECH ခြံဖျန်း ပိုးသတ်ဆေးရည်များ ပေးအပ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)