ရေဖြူ မေ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကံပေါက်ဒေသ ဂန့်ဂေါ်တောင်ရွာ၊ ဓမ္မပါလကျောင်းတိုက်တွင် တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်သင်တန်း အပတ်စဉ်(၁)ကို ယနေ့နံနက်က စတင်ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဓမ္မပါလကျောင်းတိုက်ဆရာတော် ဦးက္ကန္ဒာစရိကယ ဦးဆောင်ကြီးကြပ်၍ နှစ်စဉ်ဖွင့်လှစ်လျက်ရှိသည်။ ကံပေါက်ဒေသရှိ ကျောင်းသား/ကျောင်းသူများ (၃၀၀)ကျော်တက်ရောက်ကြပြီး ဒေသခံဓမ္မစကူးလ် ဆရာ/ဆရာမများက အပတ်စဉ်တနင်္ဂနွေနေ့တိုင်း အာဟာရများကျွေးမွေး လှူဒါန်းပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)