အမြို့မြို့အနယ်နယ်သတင်းများ

May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ သဝန်းတောကျေးရွာအုပ်စု၊ သဝန်းတောကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနည်းပညာများ အသိပညာပေးဟောပြောခြင်းနှင့် မိုးစပါးတွင်သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲနည်းသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာရှိ ဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
May 19,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ ပညာ‌ရေးနှင့်လေ့ကျင့်‌ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာ သင်တန်း‌ကျောင်း(အောင်ပန်း)၌ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 19,2026
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ကော့သောင်းမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်နေရာများသို့ မေ (၁၈) ရက် မွန်းလွဲပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုသည်။
May 19,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မြေဆီလွှာအာဟာရဓာတ်များ ဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေဩဇာ(ပိုက်ဆံ​လျှော်) စုပေါင်းကြဲပက်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ပြည်မြို့နယ်၊ ငါးရွာအုပ်စု၊ ​တောင်သူဦး​နေအောင်၏ လယ်​မြေ (၁၀)ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 19,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောခရိုင်၊ ကလောမြို့အမှတ်(၁၀)ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် လွှတ်တော်ကိုယ်စားလှယ်များရုံး ဆိုင်းဘုတ်တင် ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
May 19,2026
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ မေ(၁၈)ရက် နံနက်ပိုင်းက ကော့သောင်းခရိုင်ရှိ ပြည်သူများလူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေး၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကော့သောင်းခရိုင်အတွင်းရှိ ဒေသခံပြည်သူလူထုများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲသို့ တက်ရောက်သည်။
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် (၄၆)ရပ်ကွက်၊ ဗိုလ်ထွန်းလင်းလမ်းရှိ စံရိပ်ငြိမ်ဈေးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး  မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို  မေ ၁၇ ရက်နေ့ ညနေပိုင်းက စစ်‌ဆေးဆောင်ရွက်ခဲ့သည်။
May 19,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်တွင် ရက်၁၀၀စီမံချက်ဖြင့် အောက်ပုံကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးလက်မှု/ပရိဘောဂသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အောက်ပုံကျေးရွာ၌ ကျင်းပခဲ့သည်။