Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လားရှိုးမြို့တွင် ပြီးပြည့်စုံသော အရေးပေါ်သားဖွားပြုစုစောင့်ရှောက်ခြင်းသင်တန်း (CEmONC) ပထမအသုတ် ဖွင့်လှစ်သင်ကြားပေး
May 19,2026
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအရ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ရက်(၁၀၀) စီမံကိန်းပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် မိခင်နှင့်မွေးကင်းစကလေးသေဆုံးမှုများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ပြီးပြည့်စုံသော အရေးပေါ်သားဖွားပြုစုစောင့်ရှောက်ခြင်းသင်တန်း (CEmONC) ပထမအသုတ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန၌ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
May 19,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးခရိုင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုတုတများတိုးပွားလာစေရန် လူငယ်လူရွယ်များအရွယ်တွင် ထိုးထွင်းကြံဆမှုများ တိုးတက်လာစေရန်နှင့် မြန်မာစကားပုံများကို သိရှိနားလည်ကာ အဓိပ္ပာယ်ကို လက်တွေ့နားလည်အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၁ အချိန်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန၌ စကားပုံဆက်ပြိုင်ပွဲကို ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရော၌ ရက် (၁၀၀) စီမံချက်ဖြင့် ကော့စွယ်ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
May 19,2026
သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ရက် (၁၀၀) စီမံချက်ဖြင့် ကျိုက်မရောမြို့နယ် ကော့စွယ်ကျေးရွာ၌ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာ ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းစိုးနှင့်ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရူစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး အလေးထား ဆောင်ရွက်ရန်မှာကြားပြီး ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်ချက်များ ပေါင်းစပ်ညှိ့နှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ တီဘီရောဂါကွင်းဆင်းရှာဖွေဖော်ထုတ်ကုသခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
May 19,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ တီဘီရောဂါ ကွင်းဆင်းရှာဖွေဖော်ထုတ်ကုသခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရက်(၁၀၀)စီမံချက်ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်ကိုးမြို့နယ်တွင် လူထုကျန်းမာရေးလုပ်သား(အကျဉ်းချုံး) သင်တန်းများ တစ်ပြိုင်နက်တည်း ဖွင့်လှစ်ဆောင်ရွက…
May 19,2026
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ မြို့နယ်ကိုးမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံကိန်းပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းများအား သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံများ၌ တစ်ပြိုင်နက်တည်း ဖွင့်လှစ်ဆောက်ရွက်လျက်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးနှိုးဆော်ခြင…
May 19,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်အတိုင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး နှိုးဆော်ခြင်းလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေး၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့၌ မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော ပထမအကြိမ် ဝိနည်းဓိုရ်သင်တန်းဆင်းပွဲ ကျင်းပ
May 19,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော ပထမအကြိမ် ဝိနည်းဓိုရ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက် အောင်သိဒ္ဓိကျောင်းတိုက်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ် (ပုံစံ-၁၂) နှင့် ပြည်သူ…
May 19,2026
စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့်ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ် (ပုံစံ-၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးနှင့် အရာရှိများ၊ ပြည်သူ့စစ်မှုထမ်းစစ်သည်များ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
454
Page
455
Page
456
Page
457
Current page
458
Page
459
Page
460
Page
461
Page
462
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department