အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅-ခုနစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားအား အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်း ကျောင်း (သုဝဏ္ဏ) သီရိသုဝဏ္ဏပညာခန်းမတွင် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
Sep 21,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာဥပဒေ နည်းဥပဒေများသင်တန်းကို စင်တင်ဘာ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။
Sep 21,2025
 ၂၀၂၅ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီးထွန်းအောင်ကျော်၊ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးဉာဏ်ဝင်းတို့မှဦးစီး၍ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင် မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 21,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။ 
Sep 21,2025
ညောင်ဦးမြို့နယ်အတွင်း (၂ဝ၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး/ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Sep 21,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးနှင့်ပစ္စည်းဝယ်ယူမှု စိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စိုက်ပျိုးစွမ်းအား မြှင့်တင် ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အခြေခံပညာမူလတန်းကျောင်း(ကုန်းရွာ)၏ (၁)ထပ်သွပ်မိုး၊ အုတ်ညှပ်အား ဖျက်သိမ်း ၍ (၂)ထပ် RCC အသစ်ဆောက်လုပ်ခြင်းနှင့် ဝါစိုက်ခင်းများကို စက်တင်ဘာ ၁၉ ရက်နေ့ ညနေက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
Sep 21,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် စာသင်၊ စာချ သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်၊ သံဃာတော်၊ သာမဏေနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးနှင့် ပစ္စည်းလေးပါးအဆင်ပြေစေရေး၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်စေရေးအတွက် မော်လမြိုင်မြို့ လုံးကျွတ်ဆွမ်းဆန်‌တော်လောင်းလှူပွဲကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုအခါ(၁၉၁)ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။
Sep 21,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌမှ ကြီးမှူး၍ ဘောလုံးအားကစား တိုးတက်မြင့်မားလာစေရန်၊ အရည်အသွေးကောင်းမွန်ပြီး လေ့ကျင့်မှုပြည့်ဝကာ ပြိုင်ပွဲအတွေ့အကြုံများ၊ နည်းစနစ်ကောင်းများနှင့်ပြည့်စုံ၍ ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ ဒေသတွင်းမှ ပြည်သူများ ဘောလုံးအားကစားကို စိတ်ပါဝင်စားသူ များပြားလာစေရန်ရည်ရွယ်၍ ပညာရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံနှင့် ကိုယ်ပိုင်ကျောင်းများ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃) နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပဆောင်ရွက်ခဲ့ကြသည်။