Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြည်ကြီးတံခွန်မြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှု အသိပညာပေး
May 19,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ၆၂လမ်း၊ ၁၃၃×၁၃၄လမ်းကြား၊ (ဇ)ရပ်ကွက်၊ လမ်းဘေးဝဲယာ တစ်လျှောက်၌ ယနေ့ နံနက် ၈ နာရီခွဲက စတင်၍ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူး၍ ကျောင်းအပ်နှံရေး သီတင်းပတ် လှုပ်ရှားမှုအဖြစ် အသိပညာပေး လက်ကမ်းစာစောင်များ လက်ဝယ်အရောက် ဖြန့်ဝေသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး ဆောင်ရွက်နေမှု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ကွင်းဆင်းကြည…
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၂၅) ရပ်ကွက်၊ ရွှေနှင်းဆီ (၁) လမ်းမှ (၆) လမ်းအထိနှင့် လောင်းလုံလမ်းတို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး စစ်ကိုင်းမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုူ
May 19,2026
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် မေလ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်နေ ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် ဓရာဝတီမြစ်ရေမှ ရေတင်စနစ်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ စစ်ကိုင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စစ်ကိုင်းမြို့တွင်းရှိ ရပ်ကွက်များသို့ မြို့စည်ပင်သာယာရေးအဖွဲ့မှ သောက်သုံးရေဖြန့်ဝေပေးနေမှုအခြေအနေများ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး
May 19,2026
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့တွင် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် Myanmar Fitness Dance သင်တန်း (အခမဲ့)ဖွင့်လှစ်
May 19,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များကျန်းမာကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးကာ ဉာဏ်ရည်ထက်မြတ်သည့် ကျောင်းသား/ကျောင်းသူများဖြစ်စေရန်နှင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၈)နာရီက Myanmar Fiteness Dance သင်တန်း (အခမဲ့) ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 19,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ(၁၂)နှင့် ပြည်သူ့စစ…
May 19,2026
“နိုင်ငံတစ်နိုင်ငံ၏လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၂/၂၀၂၄)တွင် မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာပါဝင် စာရင်းပေးပြီး တာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းများသည် ယခုအခါသတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ “ချုံချင့်နိုင်ငံတကာ ချစ်ကြည်ရေးမြို့တော်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကွန်ဖရင့် ၂၀၂၆” သို့ တက်ရောက်ရန် တရုတ်ပြ…
May 19,2026
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့တွင် ၂၀၂၆ ခုနှစ်၊ မေလ (၁၉) ရက်နေ့မှ မေလ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “ချုံချင့်နိုင်ငံတကာ ချစ်ကြည်ရေးမြို့တော်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကွန်ဖရင့် ၂၀၂၆” သို့တက်ရောက်ရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
428
Page
429
Page
430
Page
431
Current page
432
Page
433
Page
434
Page
435
Page
436
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department