အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာ ကပ္ပတိန်သာစိန် ရေးသားထားသည့် “ဘဝခရီးသွား လူငယ်များသို့ ”စာအုပ်ကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင် ကျင်းပသည်။
Sep 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင်  အမှတ်(၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းကို စက်တင်ဘာ  ၂၀ နံနက် ၉ နာရီအချိန် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း ရွှေအင်ကြင်းခန်းမတွင် ပြုလုပ်ခဲ့ သည်။
Sep 21,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးဆောင်၍  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းများများကို ယနေ့ နံနက် ၁၀ နာရီအချိန်က  အရှေ့ဘက်ကမ်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း(ဝေါအရှေ့) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 21,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအ‌ခြေပြုဗဟိုဌာနတွင် ဓါတ်ပုံရိုက်ကူးခြင်းနှင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းကို (၂)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး ဓာတ်ပုံနှင့် ဗီဒီယိုကို စနစ်တကျ ရိုက်ကူးတည်းဖြတ်နိုင်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူများကို  စာတွေ့လက်တွေ့သင်ကြားပေးခဲ့‌သည်။
Sep 21,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ဆက်လက်သရုပ်ပြသခြင်းကို စက်တင်ဘာ ၁၉ ရက် နံနက်(၉)နာရီအချိန်က ညောင်ခြေထောက်မြို့၊ မဇ္ဇိမာရုံကျောင်းတိုက်နှင့် မွန်းလွဲ(၁)နာရီအချိန်က ကျွဲပွဲမြို့ အ.ထ.က ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်မီးသတ်ဦးစီးမှူး၏  လမ်းညွှန်မှုဖြင့်ချေးငွေလုပ်ငန်း/ကုမ္ပဏီများ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို စက်တင်ဘာ  ၁၉ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Sep 21,2025
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသ‌ကြီးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Sep 21,2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံဝင်းအတွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ဌာနခွဲများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့်နည်းပြများ တက်ရောက်ကြသည်။