Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ကြီးမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ စာသင်ကျောင်းသို့ရောက်ရှိနိုင်ရေး အသိပညာပေးဒုတိယနေ့အဖြစ်နှိုးဆော်
May 19,2026
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် မြို့မစျေးတို့တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ စာသင်ကျောင်းသို့ရောက်ရှိနိုင်ရေး အသိပညာပေးဒုတိယနေ့အဖြစ်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မီးလင်းဂျိုင်ဒေသတွင်(၁၃၉ဝ)မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံနှင့် မီးလင်းဂျိုင်-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများအ…
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မီးလင်းဂျိုင်ဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် (၁၃၉ဝ)မဂ္ဂါဝပ် LNG သုံး ဓာတ်အားပေးစက်ရုံနှင့် မီးလင်းဂျိုင် - ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဆိုင်ရာအချက်အလက်များ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် MEE LIN GIANG ELECTRIC POWER COMPANY LIMITED မှ လာရောက်ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်မှုလုပ်ငန်းစဥ်ကို ဦးဆောင်မည့် ကြီးကြပ်ရေးမှူးများအား သင်တန်းဖွင့်လှစ်ပို့ချ
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်စေရေးအတွက် ရွေးချယ်မှုလုပ်ငန်းစဉ်ကို ဦးဆောင်မည့် ကြီးကြပ်ရေးမှူးများအား ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ သင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားထုတ်ပေးခြင်းများ နေ့ချင်းပြီး ဆောင်ရွက်
May 19,2026
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ရက် ၁၀၀ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများကို ချမ်းအေးသာစံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရူံး၌ ယနေ့မေ ၁၉ ရက် နံနက်ပိုင်းက ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသနန်းယွန်းမြို့နယ် နားလုံကျေးရွာတွင် အစိုးရသစ်ရက်(၁၀၀)စီမံချက်ဖြင့် ကောင်းမွန်သောတိုင်းရင်းကြက်မွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲကျင်းပ
May 19,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်နားလုံ ကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် (၂၀၂၆ - ၂၀၂၇) ဘဏ္ဍာနှစ်နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် ကောင်းမွန်သောတိုင်းရင်းကြက် မွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)အချိန်က အဆိုပါကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပပါသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် ကျောင်းအပ်နှံနိုင်ရေး အသိပေးနှိုးဆော်
May 19,2026
စစ်ကိုင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့်ရယူနိုင်ရန် ကျောင်းအပ်နှံရေးနှင့် ကျောင်းတက်ရောက်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၊ ဇီဝမျိုးစုံမျိုးက…
May 19,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာအောင်ဝင်းသည် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဝန်ကြီးဌာနကွပ်ကဲမှု အောက်ရှိ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးပညာပေးပြခန်းကို မေ(၁၈)ရက်ညနေပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးရဲရင့်ဆွေ ပူတာအိုခရိုင်အတွင်း မိုးစပါးအပါအဝင် ဆီထွက်သီးနှ စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်မြင့်မ…
May 19,2026
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်အတွင်း မိုးစပါးအပါအဝင် ဆီထွက်သီးနှံ သီးထပ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်နှင့်အတူ မေ(၁၈)ရက်က ပူတာအိုခရိုင်အတွင်း ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
424
Page
425
Page
426
Page
427
Current page
428
Page
429
Page
430
Page
431
Page
432
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department