Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပန်းတနော်မြို့နယ်၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပွဲများပြုလုပ်
Sep 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြုလုပ်ပေးခြင်းကို စက်တင်ဘာ ၂၀ မင်းဆယ်ကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်း (လှိုင်းတာ)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Sep 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်
Sep 21,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ် ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၂၀ ရက်နေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်း လုပ်အားပေးပွဲဆောင်ရွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးလိုက်လံကြ…
Sep 21,2025
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ နယ်မြေရဲစခန်းအသီးသီးတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ ၂၀ နံနက်ပိုင်းက ဘားအံမြို့၊ မြိုင်သဇင်ဘုန်းတော်ကြီးကျောင်းပရိဝုဏ်၌ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအေးသိန်းဦးစီး၍ ပြည်သူ့အကျိုးပြု စုပေါင်းလုပ်အားပေးပွဲကို ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံပညာ ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၁၀) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Sep 21,2025
အခြေခံပညာ ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၁၀)၏ သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၁၉ ရက်နေ့က ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး(ကိုယ်စား) အဖွဲ့ဝင် ဦးစိုးတင့်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၀ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Sep 21,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့နံနက် ၉ နာရီက သွားရောက်ကွင်းဆင်းပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ဆုချီးမြှင့်ပွဲကျင်းပ
Sep 21,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်တွင် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ/ဆရာမကြီးများ၊ ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
427
Page
428
Page
429
Page
430
Current page
431
Page
432
Page
433
Page
434
Page
435
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department