Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သံဖြူဇရပ်မြို့နယ်၌ (၅၀)ကြိမ် မြောက်ဆန်ဆွမ်းလောင်းလှူပွဲ ကျင်းပ
Sep 21,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသီလာစာရ အမှူးရှိသည့် ဆရာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ်ဥပထမ္ဘကအဖွဲ့တို့မှ (၅၀) ကြိမ် မြောက်ဆန်ဆွမ်းလောင်းလှူပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ် (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ဂုဏ်ပြုပူဇော် ကောင်းမှုက…
Sep 21,2025
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့နယ် စာဖြေဌာနမှ ၂၀၂၄ ခုနှစ်(စာသင်နှစ်)တွင် ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတို့အား ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ချီးကျုးဂုဏ်ပြုပူဇော်သည့် (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ပြည်မြို့ ဝင်္ကဘာတောရကျောင်းတိုက်ဓမ္မာရုံတော်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ဂုဏ်ပြုပူဇော် ကောင်းမှုကုသိုလ်များပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ဆက်လက်ထုတ်ပေး
Sep 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်၊ ဒုတိယသုံးလပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထုတ်ပေးခြင်းကို စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက လှည်းကူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ မိုးနည်းရေရှားဒေသများနှင့်သင့်လျော်သော ယာစပါးမျိုးများ စမ်းသပ်စိုက်ပျိုး
Sep 21,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မိုးနည်းရေရှားဒေသများနှင့် သင့်လျာ်သော ယာစပါးမျိုး(၃)မျိုး စမ်းသပ်စိုက်ပျိုးခြင်းနှင့် မျိုးစေ့ချကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်က သုံးဆယ့်ခြောက်ကျေးရွာအုပ်စု သုံးဆယ့်ခြောက်ကျေးရွာ ကွင်းအမှတ် ၃၂/ခ-၁၊ ဦးပိုင်အမှတ်(၁၁)၊ တောင်သူဦးခင်မောင်ဦး၏ ယာမြေ (၁)ဧကတွင် ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် (ရတနာတိုး)မိုးစပါးစံကွက် ရိတ်သိမ်း တစ်ဧက(၁၂၅)တင်း ထွက်ရှိ
Sep 21,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သဲကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနှင့် ဝန်ထမ်းများသည် စက်တင်ဘာလ ၂၀ ရက် နေ့လယ်ပိုင်းက သဲကုန်းမြို့နယ်၊ အင်းမမြို့၊ ချားလျှားကုန်းအုပ်စု၊ ချားလျှားကုန်းကျေးရွာ ကွင်းအမှတ် (၉၇၅B) စံပယ်တောင်ကွင်း၊ ဦးပိုင်အမှတ်(၁၂၇)၊ တောင်သူ ဦးငွေသိန်း၏ မိုးစပါး (၅)ဧကတွင် မျိုးစေ့ချကိရိယာ(Drum Seeder) အသုံးပြု၍ အတန်းလိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးထားသည့် ရတနာတိုး မိုးပါးစံကွက်ရိတ်သိမ်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် MSME လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြော
Sep 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက မြန်မာနိုင်ငံဘောဂဗေဒအသင်း နာယက၊ စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်က MSME လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုခရိုင်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
Sep 21,2025
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျိုက်ထိုခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များမှ ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် Biometric ကောက်…
Sep 21,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာများသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
422
Page
423
Page
424
Page
425
Current page
426
Page
427
Page
428
Page
429
Page
430
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department