လားရှိုး ဇွန် ၃၀
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကွင်းဆင်းဆေးကုသမှုလုပ်ငန်းအား ကုသရေးဦးစီးဌာန၊ နေပြည်တော်သွားနှင့် ခံတွင်းအထူးကုဆေးရုံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် လားရှိုးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် “ဝ” အထူးဒေသ၊ ပန်ဆန်း (ပန်ခမ်း) မြို့နယ်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ဇွန်လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊ ကာလသားရောဂါနှင့် ဌက်ဖျားရောဂါပိုး ရှိ/မရှိသွေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါ၊ ကလေးကျန်းမာပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ အရိုး/အကြောရောဂါပညာ၊ မျက်စိ/နား/နှာခေါင်း/ လည်ချောင်း/ ဦးခေါင်းနှင့် လည်ပင်း ရောဂါပညာ၊ သွားနှင့်ခံတွင်းရောဂါနှင့် ဓါတ်မှန်နှင့် ပုံရိပ်ဖော်စသည့် အထူးကုဘာသာရပ်များအလိုက် လာရောက်ပြသခဲ့ကြသည့် ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း (၁၁၂၆) ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်ဆက်