မိုးနဲ ဇွန် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် တောင်သူများ ကိုယ့်မျိုးကိုယ်ထား ခေါင်နှံမျိုးသန့်ပွားနည်း ပညာရရှိစေရန်အတွက် ခေါင်နှံဖြင့် ပျိုးထောင်ခြင်းနှင့် မိုးစပါးပျိုးခင်းများ ပိုးမွှားရောဂါကင်းစင်ရေး၊ ကောက်ကွက်ပြည့်မီရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်က နမ့်မော်ဆွမ့်ကျေးရွာ တောင်သူ ဦးစိုင်းထွန်း၏ လယ်မြေတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်မင်းထွေးနှင့် ဝန်ထမ်းများက ပျိုးခင်းအတွင်း ပေါင်းမြက် ကင်းစင်ရေးနှင့် ပိုးမွှားရောဂါကျရောက်မှုမရှိစေရေး၊ ကောက်ကွက်ပြည့်မီရေးကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)