မတ္တရာမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

မတ္တရာ ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အ.ထ.က(မတ္တရာ) စာစစ်ဌာနတွင် မတ်လအတွင်း၌ ကျင်းပဖြေဆိုခဲ့သော ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း များကို ဇွန်လ ၂၈ရက်နေ့ နံနက် ၆နာရီက မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာသည်။

မတ္တရာမြို့နယ်၌ ကျောင်းသား ကျောင်းသူ(၁၃၈)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၅)ဘာသာ ဂုဏ်ထူးဖြင့် (၂)ဦး၊ (၃)ဘာသာဂုဏ်ထူးဖြင့်(၁)ဦး၊ (၂)ဘာသာဂုဏ်ထူးဖြင့် (၁)ဦး၊ (၁)ဘာသာဂုဏ်ထူးဖြင့်(၄)ဦး၊ ရိုးရိုးအောင်မြင်သူ (၄၂)ဦး စုစုပေါင်း ၅၀ အောင်မြင်ခဲ့ကြပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၃၆ ဒသမ ၂၃ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေရာသား