မိုင်းပျဥ်းမြို့ အထက၌ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

‌မိုင်းပျဉ်း ဇွန် ၃၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက  အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အ‌ခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာရည်ဒို့လှမ်းချီ” သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က အဖွင့်အမှာစကားပြောကြားပြီး၊ အထကကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က ဆုပေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအား ရှမ်းပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ဆုပေးပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါ်ထက်ထက်လင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ပညာရေးဌာန၊တပ်ဖက်မှ အရာရှိများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းနှင့် ကျောင်းသားမိဘများ၊ ကျောင်းသား၊ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

‌နန်းသန္တာဦး(ပြန်/ဆက်)