မိုင်းခုတ်မြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုင်းခုတ် ဇွန် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့​၌ မြို့သစ်တောဦးစီးဌာနမှ ကြီးမှူး ကျင်းပသော မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အမှတ် (၂) ရပ်ကွက်ရှိ နောင်တုံဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေ၊ နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းလွင်နှင့် မြို့နယ်သစ်​တောဦးစီးမှူး ဦးသန်းနိုင်တို့က ပျိုးပင်များပေးအပ်ရာ တာဝန်ရှိသူတို့က အသီးသီးလက်ခံရယူသည်။

ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေ၊ နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူတို့က ကျွန်း (၂၅၀) ပင်၊ ပျဉ်းကတိုး (၃၀) ပင်၊ ပိတောက် (၂၀) ပင်၊ ထင်းရှူး (၁၀) ပင်၊ မယ်ဇလီ (၇၅) ပင်၊ မယ်ဂျန်ရှား (၇၅) ပင်နှင့် စိန်ပန်းနီ (၄၀) ပင်၊ စုစုပေါင်းပျိုးပင် (၅၀၀) ကို သတ်မှတ်နေရာများတွင် တပျော်တပါးစုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မိုင်းခုတ်(ပြန်/ဆက်)