တံတား မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ စင်မကော်ကျေးရွာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မှုခင်းဖြစ်ပွားမှုလျော့နည်းကျဆင်းစေရေး၊ ပြည်သူများ သိသင့်သိထိုက်သည့် ဥပဒေများကို သိရှိနိုင်စေနိုင်ရန်ရည်ရွယ်၍ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီက စင်မကော်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် တံတားနယ်မြေရဲစခန်းမှ နယ်မြေစခန်းမှူး ရဲအုပ်ကျော်စိုးအောင်ကရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် မှုခင်းဖြစ်ပွားမှု လျော့နည်းစေရေး၊ ပြည်သူများ အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ မဖြစ်ပွားစေရေး၊ မိုဘိုင်းဖုန်းများမှတစ်ဆင့် ဖြစ်ပွားလျက်ရှိသည့် လိမ်လည်မှုဖြစ်စဥ်များအား အသိပညာပေးဟောပြောခြင်းနှင့် ပြည်သူများသိသင့်သိထိုက်သည့် ဥပဒေများနှင့် အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ပါကချမှတ်ခံရမည့် ပြစ်ဒဏ်များနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာပြည်သူများအား မှုခင်းကျဆင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး စုစုပေါင်းလူဦးရေ (၃၈) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
လှိုင်သူဇာ (ပြန်/ဆက်)