ကျောက်ဆည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးအသိပညာပေး၊ ဆေးကုသ 

ကျောက်ဆည် မေ  ၁၈

မန္တလေးတိုင်းဒေကြီး ကျောက်ဆည်ခရိုင်နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် တံစိုးကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံကာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်က သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ခါးနာ၊ ဒူးနာရောဂါများဖြစ်ပွားပါက ဆောင်ရန်၊ ရှောင်ရန်နှင့် ရာသီဓာတ်စာများအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး  မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ဆွေဆွေမြင့်နှင့်အတူဝန်ထမ်းများက တံစိုးကျေးရွာအတွင်းရှိ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၄၃ဦးစုစုပေါင်း ၆၅ ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)