ကျောက်ဆည်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား  Unique Identity  များဆောင်ရွက်ပေးလျက်ရှိ

ကျောက်ဆည် ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID(Unique Identity) ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့်မြန်မာ့စီးပွားရေးဘဏ်တို့ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်ဆည်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၃၇၉၆ ဦးရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ထားရွှေနှင့်ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) စိစစ်ကောက်ယူခြင်း၊ လက်ဗွေများအား Scan ဖတ်ခြင်းနှင့် လိုအပ်သည့်ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်းတို့ပြုလုပ်ခဲ့ပြီး UID(Unique Identity) နံပါတ်များ လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်းနှင့် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် အခြားအခက်အခဲများကြောင့် UIDကတ်မရရှိသေးသူများအား အိမ်တိုင်ရာရောက် ကွင်းဆင်းပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)