နတ်မောက် ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဖြင့် ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တွင် ပြုလုပ်ပေးလျက်ရှိသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှိ မြို့နယ်ဦးစီးအရာရှိ ဦးမျိုးတင့်နှင့် ရုံးဝန်ထမ်းများက Biometric (UID) စနစ်ဖြင့် UID Card မပြုလုပ်ရသေးသော အငြိမ်းစားဝန်ထမ်းများအား UID Card များပြုလုပ်ပေးခဲ့ရာ နတ်မောက်မြို့နယ် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဝန်ထမ်း ကျား (၂၄၈) ဦးနှင့် မ (၁၇၇)ဦး စုစုပေါင်း (၄၂၅)ဦး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း