မြစ်သား ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအနီးရှိ ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက် ကောင်ရေ (၃) သိန်း ငါးမျိုးစိုက်ထည့်ပေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ငါးမျိုး ကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန်ရည်ရွယ်၍ နွားကူးကြီးကျေးရွာအနီး ပန်းလောင်မြစ် အတွင်းသို့ ငါးသားပေါက် ရွှေဝါငါးသားပေါက်ကောင်ရေ (၂၀၀၀၀၀) သိန်း၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀) သိန်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၃၀၀၀၀၀) သိန်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ထိုသို့ ငါးမျိုးစိုက်ထည့်ရာတွင် ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝေဝေ၊ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ခံများ၊ ကူမဲမြို့၊ အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ ကူမဲမြို့ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောအောင်ကိုလတ်နှင့် ဝန်ထမ်းများ၊ နွားကူးကြီးကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)