ရေဦးမြို့တွင် ယင်လုံအိမ်သာများ စစ်ဆေးခြင်း၊ အိမ်သာခွက်နှင့်ပိုက်များထောက်ပံ့

ရေဦး ဇူလိုင် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးခရိုင် ရေ‌ဦးမြို့နယ် ဗိုလ်အောင်ဇေယျရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီက  ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍  ယင်လုံအိမ်သာများ စစ်ဆေးခြင်း၊ အိမ်သာခွက်နှင့်ပိုက်များ ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာစဉ်တွင် မိမိတို့အိမ်တွင် အသုံးပြုနေသော အိမ်သာများကို  ယင်လုံ၊ အနံ့လုံ၊ အရှက်လုံရမည်ဖြစ်ကြောင်း၊   အိမ်သာသည် ယင်မလုံပဲ ယင်နှင့် မစင်ထိတွေ့နေပါက ယင်ကောင်မှ တစ်ဆင့်ဝမ်းနှင့် ပတ်သက်သည့်ရောဂါများ ကူးစက်ပြန့်ပွားနိုင်ကြောင်း၊  အိမ်သာအသုံးပြုပြီးတိုင်း အိမ်သာခွက် ဇလားကို ရေဖြင့် စင်ကြယ်စွာ ဆေးကြောမှုမရှိလျှင် အိမ်သာ မသန့်ရှင်းပါကြောင်း၊ စနစ်မကျသော အိမ်သာများ၊ သန့်ရှင်းမှုမရှိသော အလေ့အကျင့်များကို ပြောင်းလဲပြင်ဆင်လေ့ကျင့်လျှင် ကျန်းမာရေးအတွက် အကျိုးရှိမည် ဖြစ်ပါကြောင်း၊ရပ်ရွာထဲတွင် ယင်မလုံ‌ သောအိ‌မ်သာတစ်လုံးရှိရုံဖြင့် တစ်ရွာလုံး/တစ်ရပ်ကွက်လုံးတွင် ယင်မှတစ်ဆင့် ဝမ်းနှင့်ပတ်သက်သောရောဂါများ ကူးစက်ပြန့်ပွား နိုင်သဖြင့် ယင်မလုံသော အိမ်မှ အိမ်သာကို ယင်လုံအောင် ပြုပြင်ရန် ရပ်ရွာထဲမှ လူတိုင်းတွင် တာဝန်ရှိပါကြောင်း စသည်ဖြင့် အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါထောက်ပံ့မှုအား ဗိုလ်အောင်ဇေယျရပ်ကွက်အတွင်းမှ အိမ်ထောင်စု (၅) စုကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)