Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တိုက်ကြီးမြို့နယ်တွင် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း အစီအစဉ်ဖြင့် ဆောင်ရွက် ခဲ့သော စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
Jul 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားစေရေးရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့က တိုက်ကြီးကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့၌ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီ၏ သာသနာ/အသင်းတော်ခေါင်းဆောင်များ တွေ့ဆုံခြင်းနှင့် ငြိမ်းချမ်းရေးဆုတ…
Jul 26,2025
မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီ၏ သာသနာ/အသင်းတော်ခေါင်းဆောင်များတွေ့ဆုံခြင်းနှင့် ငြိမ်းချမ်းရေးဆုတောင်းခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ မြို့မပိုးကရင်ခရစ်ယာန်နှစ်ခြင်းဘုရားရှိခိုးကျောင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် ခရစ်ယာန်အသင်းတော်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အောင်ပန်းမြို့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Jul 26,2025
ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယမန်နေ့ နံနက် ၁၀ နာရီက လက်မပင်ရပ်ကွက်နှင့် မွန်းလွှဲ ၂ နာရီက မိုးကောင်းရပ်ကွက်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၌ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အကြို ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အကြို ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ညနေ ၄ နာရီအချိန်က အမှတ်(၁)ရပ်ကွက်တစ်ဖက်ကမ်းရှိ သောင်ပြင်၌ သစ်တောဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် မိုးရွာသွန်း လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားကုန်း ကျေးရွာအုပ်စုတွင် နေအိမ် (၁)လုံးပြို၊ အမိုးလန်(၁)လုံး ပျက်စီး
Jul 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးရွာသွန်း လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့နံနက် ၁၀ နာရီက ဘုရားကုန်းကျေးရွာအုပ်စုတွင် နေအိမ်(၁)လုံးပြိုကျ၊ အမိုးလန်(၁)လုံး ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ
Jul 26,2025
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားအား ယနေ့နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး လူငယ်စကားဝိုင်းကျင်းပ
Jul 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် လူငယ်များကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်အတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း(ထောက်ကြန့်)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်း၊ လေပြင်းတိုက်ခတ်ကာ သစ်ပင်လဲကျ၍ နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရသည့် မိသားစုများအား ဆ…
Jul 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်ဒေါင့်ကြီးကျေးရွာအုပ်စု၊ သပြုငူကျေးရွာတွင် ဇူလိုင်လ ၂၄ ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးရွာသွန်းလေပြင်းတိုက်ခတ်ကာ သစ်ပင်လဲကျ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရသည့် နေအိမ် (၂) လုံးရှိ မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3702
Page
3703
Page
3704
Page
3705
Current page
3706
Page
3707
Page
3708
Page
3709
Page
3710
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department