ကြံခင်းမြို့နယ်ရုံးတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Youth Club) နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လယ်ပိုင်းက စာပေ ချစ်မြတ်နိုးသူများအဖွဲ့ Youth Club အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)  ရေသားသော “ရည်မှန်းချက်ရှိရမယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းများကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ Youth Club အဖွဲ့ မဇူးဇူးကို က “ရည်မှန်းချက်ရှိရမယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသက်မာထွန်းက “အရွယ်က ပေးသည့်အသိ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကောင်းခန့်သူက “လူမွေးလူကောင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမှူးပြည့်က “ခေါင်းဆောင်ကောင်းဖြစ်လိုသော်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သူရထွန်းက အလုပ်နဲ့သာ သက်သေပြပါ” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး စာဖတ်ဝိုင်း သို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက အသီးသီးဆွေးနွေးကြသည်။

ထို့သို့ စာဖတ်ဝိုင်းများဆောင်ရွက်ပေးဖြင့် လူငယ်လူရွယ်များ စာပေတန်ဖိုးသိရှိစေရန်၊ စာပေဖတ်ရှုရခြင်းဖြင့် အမှားအမှန်သိရှိပြီး သတင်းတု၊ သတင်းမှားများအား ခွဲခြားတတ်စေရန်၊ အတွေးအခေါ်ကောင်းများရရှိစေရန်၊ အများဖြင့်ဆွေးနွေးတတ်လာစေရန်နှင့် ဂိမ်းကစားခြင်းလျော့နည်းလာစေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် ပြုလုပ်ပေးခြင်းကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)