Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT)ထိုးနှံ
Sep 28,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဆုံဆို့၊ မေးခိုင်(DT)ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့လုံးဆိုင်ရာ ပရိယတ္တိဓမ္မပူဇာ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မလှူဖွယ်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Sep 28,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများစုပေါင်း၍ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများ၌ သီတင်းသုံးနေထိုင်ကြသော ပရိယတ္တိဝန်ဆောင် သံဃာတော်အရှင်မြတ်တို့ထံ ပရိယတ္တိဓမ္မပူဇာ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မလှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်ပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၌ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခ…
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ ၂၆ ရက်နေ့မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခင်တန်းကြီးကျန်းမာရေးဌာနမှ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းများ ဆောင်ရွက်
Sep 28,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ခင်တန်းကြီးကျန်းမာရေးဌာနမှ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျီးမနိုးကျေးရွာ အ.လ.ကနှင့် သပြေလှကျေးရွာ မူလတန်းလွန်ကျောင်းများတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများ ထိုးနှံပေး
Sep 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)တွင် ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံ
Sep 28,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါနှင့် ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီက ကံမမြို့၊ အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း(မြို့မ)မှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော၌ မှုခင်းကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 28,2025
ရာဇဝတ်ပြစ်မှုများသည် လူမှုဘဝလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေပြီး တရားဥပဒေစိုးမိုးရေးကိုပျက်ပြားစေနိုင်သည့်အတွက် မချမ်းဘောမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပူတာအိုခရိုင်၊ မချမ်းဘောမြို့ မြို့မစျေးရှေ့နှင့် ဂူဘားရိပ်သာလမ်းဆုံတို့၌ ယမန်နေ့နံနက် ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
335
Page
336
Page
337
Page
338
Current page
339
Page
340
Page
341
Page
342
Page
343
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department