ကျိုင်းတောင်းမြို့၌ အငြိမ်းစားပင်စင်လစာငွေများ စနစ်တကျထုတ်ပေးလျက်ရှိ

ကျိုင်းတောင်း မေလ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ မြန်မာ့စီးမွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက စတင်၍ထုတ်ပေးလျက်ရှိရာ အငြိမ်းစားပင်စင်ဝန်ထမ်းများမှ အေးချမ်းစွာလာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ကျိုင်းတောင်းမြို့ မြန်မာ့စီးမွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာစားဝန်ထမ်း(၆၀) ကျော်ခန့်ရှိပြီး အငြိမ်းစားပင်စင်ဝန်ထမ်းများ အဆင်ပြေစွာလစာငွေများလာရောက်ထုတ်ယူနိုင်ရန်အတွက် ပင်စင်လစာငွေများထုတ်ပေးရာတွင် လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများ၏လစာ ထုတ်ရက်မတိုင်မီ (၂၁ )ရက်နေ့မှ စတင်၍ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဘဏ်မန်နေဂျာ ဒေါ်နန်းခမ်းရီထံမှ သိရသည်။

ကိုကို/ ပြန်ဆက်