အမြို့မြို့အနယ်နယ်သတင်းများ

May 21,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသနေပြည်သူများ စာပေဗဟုသုတ တိုးပွားစေရန် ယနေ့နံနက် ၉ နာရီက လိပ်သိုမြို့ အမှတ် (၂) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
May 21,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်ရည်ရွယ်၍ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပသည်။
May 21,2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲ‌ ရေးနှင့်အုပ်ချုပ်ရေး‌ ကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့်  ပြည်သူများထံ သက်သာ‌သောဈေးနှုန်းဖြင့် စားအုန်းဆီများကို ယမန်နေ့၊မွန်းလွဲပိုင်းက ဇေယျာမွန်ရပ်ကွက်၌ ရောင်းချပေးခဲ့သည်။
May 21,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက်(၉)နာရီက  မြို့နယ်ပညာရေးမှူးရုံးရှေ့၊ မြို့မဈေးလမ်းဆုံနှင့် မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံတို့တွင် စိုက်ထူခဲ့သည်။
May 21,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ကလေးငယ်များစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
May 21,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်း‌နေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြရန်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ယနေ့ နံနက်ပိုင်းက မြိတ်မြို့ရှိ ကျောင်းများတွင် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ” ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြသည်။
May 21,2026
ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇေယျာသီရိခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူး‌‌ပေါင်း၍ ဥတ္တရခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဥတ္တရခရိုင်/ဇေယျာသီရိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပုဗ္ဗသီရိမြို့နယ် YGW မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းမှ ဆရာ/ဆရာမများ၊ MSME လုပ်ငန်းအသင်းဝင်များနှင့် အိမ်ခြံမြေအကျိုးတော်ဆောင်များ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် အခမ်းအနားများအောင်မြင်စွာကျင်းပနိုင်ရေးရည်ရွယ်၍ အခမ်းအနားမှူး(MC) သင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။