အလုံ မေ ၂၀
အလုံခရိုင်၊အလုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများပူးပေါင်း၍ “မှုခင်းကျဆင်းရေးအသိပညာပေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
ပြည်သူ့စကားဝိုင်း(Public Talk)တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကုဋေထွန်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြည်သူ့စကား၀ိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကုဋေထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကို၊ အတွင်းရေးမှူးရဲမှူးဝင်းမြင့်၊ အမှတ်(၅၀)ယာဥ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးရဲလင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးညိုဆက်နိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အိအိမွန်တို့က မှုခင်းအမျိုးအစားများ၊ အိမ်နှင့်ပတ်၀န်းကျင်အား ကြိုတင်ကာကွယ်မှုများ၊ မှုခင်းကျဆင်းရေးအတွက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်နေမှုများ၊ မိန်းကလးငယ်နှင့် ကလးသူငယ်တွေအပါ်ကာကွယ်ရန်နှင့် ပြည်သူလူထုမှပူးပါင်းပါ၀င် ဆောင်ရွက်ရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးမှုများအပေါ် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြပြီး ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ကြည့်ရှုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကုဋေထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦး ရဲကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရပ်ကွက်နေပြည်သူများ၊ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)