Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နတ်တလင်းမြို့နယ်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဦးတိုးမင်း နွေစပါးစ…
May 21,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၄၄) တွင် တောင်သူဒေါ်နုနုရီ အပါအဝင်(၈) ဦး၏ တစ်နှစ်(၃)သီး စိုက်ဧရိယာ၌ ရက်(၉၀) စပါးမျိုး အသုံးပြုစိုက်ပျိုးထားရှိသည့် တတိယသီးနှံ နွေစပါးစိုက်ခင်း (၄၀.၀၀) ဧက အတွင်း ယူရီးယားဓာတ်မြေဩဇာ(၁)ဆနှင့် သဘာဝမြေဆွေး (၃)ဆတို့ ရောနှော၍ ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိုးကျရောစပ်ကြဲပက်ခြင်းနှင့် ပေါင်းနှုတ်သမန်းနှိုးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးဦးတိုးမင်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်း၌ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ ယခုနှစ်မိုးစတင်ရွာခြင်းနှင့်အတူ ပဲပုတ်သီးနှံစတင်စိုက်ပျိုး
May 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးစတင်ရွာခြင်းနှင့်အတူ ရာသီသီးနှံစိုက်ပျိုးရာတွင် ပဲပုတ်သီးနှံများကိုစတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း မောက်မယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာစိုက်ထူပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 21,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်း အနားကို မေ ၂၁ ရက်၊ နံနက် ၈ နာရီက မြေစိုက်ပိုစတာစိုက်ထူပွဲနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ
May 21,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက်ပိုင်က မြို့တွင်း ရန်ကုန်-မန္တလေးကားလမ်းနှင့်ပိတောက်လမ်းဆုံတွင် စိုက်ထူတင်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး
May 21,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးနှင့်အဖွဲ့သည် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေးစသည့် စိုက်ပျိုးရေးသုံးပစ္စည်းဆိုင်ရာ အရောင်းဆိုင်များသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ ပိုစတာစိုက်ထူ
May 21,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ ပိုစတာကို ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှေ့နှင့် အခြေခံပညာကျောင်းများ အသီးသီးတွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ သစ်စိမ်းမြေဩဇာများကြဲပက်ခြင်း ပေးအပ်ခြင်းနှင့်စိုက်ပျိုးရေးအသိပညာပေးဟောပြောပွဲကျင်းပ
May 21,2026
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက မန်ကျီးပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၂၆(C)ရှိ တောင်သူဦးအေးထွန်း၏ စပါးစိုက်ပျိုးမြေ၌ သဘာဝသစ်စိမ်းမြေဩဇာကြဲပက်ခြင်း၊ ပေးအပ်ခြင်းနှင့် စိုက်ပျိုးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်ရက်(၁၀၀) စီမံချက်ဖြင့် ဌာနဆိုင်ရာရုံးများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
May 21,2026
ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်များ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိအား ဌာနဆိုင်ရာရုံးများ လိုက်လံကွင်းဆင်းစစ်ဆေးခြင်းကို မေ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
331
Page
332
Page
333
Page
334
Current page
335
Page
336
Page
337
Page
338
Page
339
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department