လဲချား မေ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်ရှိ ပင်စင်စားနိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယနေ့နံနက်(၈)နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၏လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ဇင်မောင်နွယ် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့်အတူနိုင်ငံဝန်ထမ်း(အငြိမ်းစား) ပင်စင်စားမိဘပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုတိုင်းတာစစ်ဆေးပေးခြင်းနှင့်အတူ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
(အငြိမ်းစား)ပင်စင်စား မိဘများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ လစဉ် ၂၁ ရက်နေ့မှ နောက်လ ၂၀ ရက်နေ့အထိ လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)