ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇေယျာသီရိခရိုင် အမျိုးသမီးရေးရာ အဖွဲ့တို့ပူး‌‌ပေါင်း၍ အခမ်းအနားမှူး (MC) သင်တန်း ဖွင့်လှစ်

နေပြည်တော် မေ ၂၁

ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇေယျာသီရိခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူး‌‌ပေါင်း၍ ဥတ္တရခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဥတ္တရခရိုင်/ဇေယျာသီရိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပုဗ္ဗသီရိမြို့နယ် YGW မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းမှ ဆရာ/ဆရာမများ၊ MSME လုပ်ငန်းအသင်းဝင်များနှင့် အိမ်ခြံမြေအကျိုးတော်ဆောင်များ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် အခမ်းအနားများအောင်မြင်စွာကျင်းပနိုင်ရေးရည်ရွယ်၍ အခမ်းအနားမှူး(MC) သင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ နေပြည်‌တော် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား‌ရေးမှူးက ဒေါ်သင်းသင်းဇင်က သင်တန်းဖွင့်အမှာစကားပြောကြားရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိကလုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့်  လူထုအခြေပြုလှုပ်ရှားမှုများနှင့် အခမ်းအနားများကို ကိုယ်တိုင်ဦးဆောင်၍ စနစ်တကျမှန်ကန်စွာဆောင်ရွက်နိုင်စေရန်၊ စကားပြောစွမ်းရည်နှင့် လူထုရှေ့တွင် ရဲဝံ့စွာတင်ဆက်နိုင်သည့် အရည်အသွေးများတိုးတက်လာစေရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဇေယျာသီရိခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ‌ ဒေါ်လွင်လွင်ကျော်က အမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ သင်တန်းနည်းပြ လက်ထောက်ညွှန်ကြာရေးမှူး ဒေါ်ယမင်းလှိုင်က အခမ်းအနားမှူးတစ်ဦးတွင်ရှိရမည့် အရည်အချင်းများ၊ အသံနေအသံထားနှင့် စကားလုံးအသုံးအနှုန်းမှန်ကန်ရေး၊ အခမ်းအနားအမျိုးအစားအလိုက် စီမံခန့်ခွဲမှုနှင့်အစီအစဉ်များရေးဆွဲခြင်း၊ မမျှော်မှန်းနိုင်သော အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနည်း စသည့် အကြောင်းအရာများကို သင်တန်းသား၊ သင်တန်းသူ ၆၅ ဦးအား မေလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့ထိ စာတွေ့လက် တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)