Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ မေလအတွက် ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး
May 21,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ မေလအတွက် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၆)နာရီမှ စတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် ပျားမွေးမြူရေးသင်တန်းဖွင့်လှစ်
May 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပျားမွေးမြူမှုဖွံ့ဖြိုးရေးတာဝန်ခံရုံးအနေဖြင့် ရက်(၁၀၀)စီမံချက်အတွင်း ပြည်သူတိုးချဲ့ပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ဦးရပ်ကွက်၌ဖွင့်လှစ်ခဲ့ရာ မြို့နယ်တာဝန်ခံ ဦးလွင်အေးက ပျားမွေးမြူရေးအကြောင်းသိကောင်းစရာများနှင့် ပျားမွေးမြူခြင်းဖြင့်ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ ပျားတို့၏ဝတ်မှုံကူးခြင်းဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းတိုးတက်စေခြင်းတို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
May 21,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက မြို့လယ်ရပ်ကွက်အတွင်းရှိ နေအိမ်များနှင့် ဈေးဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့နယ်အတွင်းရှိ တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ပေးအပ်
May 21,2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများ တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် ၁၀ မျိုး ၁၀ ဘောင် စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၀ ရက်နေ့နံနက်ပိုင်းက ကော့ကရိတ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး၊ ခေတ္တခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ
May 21,2026
"နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”ဟူသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ကြားနိုင်ရေး နှိုးဆော်တိုက်တွန်းသည့်အနေဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်လမ်းစုံ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်တွင် မြစိမ်းရောင် မျိုးကောင်းမျိုးသန့်(မွေးဘဏ်) စနစ်ဖြင့် ဒေသနွား အမကောင်ရေ ၅၀ ဖြန့်ဖြူးပေးအပ်
May 21,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မြစိမ်းရောင် မျိုးကောင်းမျိုးသန့်(မွေးဘဏ်)စနစ်ဖြင့် ဒေသနွား အမကောင်ရေ ၅၀ ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ချောင်းဖြူကျေးရွာဓမ္မာရုံ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ မီးဘေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသ
May 21,2026
မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် စပ်လျဉ်၍ အသိ၊ သတိ ရှိစေရန် ရည်ရွယ်ပြီး မီးသတ်ဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကော့ကရိတ်မြို့၊ အမှတ်(၆) ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသ ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ
May 21,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးလှုပ်ရှားမှုအဖြစ် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါဝင်သည့် မြေစိုက်ပိုစတာကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ တာဝန်ရှိသူများက စိုက်ထူခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
330
Page
331
Page
332
Page
333
Current page
334
Page
335
Page
336
Page
337
Page
338
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department