တပ်ကုန်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

တပ်ကုန်း မေ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက်ပိုင်က မြို့တွင်း ရန်ကုန်-မန္တလေးကားလမ်းနှင့်ပိတောက်လမ်းဆုံတွင် စိုက်ထူတင်ခဲ့သည်။

အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲတွင် မြို့နယ်ပညာရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ(ကိုယ်စား) မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာ‌ရေးမှူးရုံးမှ ဒုမြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ကြပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်အား စိုက်ထူကာ အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြောင်း သိရသည်။

တင်စိုးလွင်