ပေါင်းတည်၌ သစ်စိမ်းမြေဩဇာများကြဲပက်ခြင်း ပေးအပ်ခြင်းနှင့်စိုက်ပျိုး‌ရေးအသိပညာပေးဟောပြောပွဲကျင်းပ

ပေါင်းတည် မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက မန်ကျီးပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၂၆(C)ရှိ တောင်သူ‌ဦးအေးထွန်း၏ စပါးစိုက်ပျိုးမြေ၌ သဘာဝသစ်စိမ်းမြေဩဇာကြဲပက်ခြင်း၊ ပေးအပ်ခြင်းနှင့် စိုက်ပျိုးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်စုတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး‌ဦးစိုးမြင့်လှိုင်တို့က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက် စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးမင်းက သဘာဝမြေဩဇာ ပြုလုပ်ပုံနှင့် သုံးစွဲနည်းကို အသိပညာပေးဟောပြောကာ စိုက်ပျိုးမြေအတွင်း မြေအစိုဓာတ် စမ်းသပ်ခြင်းနှင့် သဘာဝမြေဩဇာများ လက်တွေ့ကြဲပက်ခြင်းကို စိုက်ပျိုးရေးဝန်ထမ်းများက လက်တွေ့ပြုလုပ်ပြသကြသည်။

ထို့နောက် ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား သဘာဝမြေဩဇာများနှင့် သဘာဝမြေသြဇာပင် ပိုက်ဆံလျှော်မျို့စေ့များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပေါင်းတည်)