နတ်တလင်းမြို့နယ်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဦးတိုးမင်း နွေစပါးစိုက်ခင်းများ ကြည့်ရှုစစ်ဆေး

နတ်တလင်း မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၄၄) တွင် တောင်သူဒေါ်နုနုရီ အပါအဝင်(၈) ဦး၏ တစ်နှစ်(၃)သီး စိုက်ဧရိယာ၌ ရက်(၉၀) စပါးမျိုး အသုံးပြုစိုက်ပျိုးထားရှိသည့် တတိယသီးနှံ နွေစပါးစိုက်ခင်း (၄၀.၀၀) ဧက အတွင်း ယူရီးယားဓာတ်မြေဩဇာ(၁)ဆနှင့် သဘာဝမြေဆွေး (၃)ဆတို့ ရောနှော၍ ‌ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိုးကျရောစပ်ကြဲပက်ခြင်းနှင့် ပေါင်းနှုတ်သမန်းနှိုးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးဦးတိုးမင်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်း၌ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာတွင် နွေစပါးစိုက်ဧကအားလုံး ပန်းတိုင်အထွက်နှုန်း ကျော်လွန်စွာထွက်ရှ်ိနိုင်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း(၄)သွယ်အား စနစ်တကျ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ အရည်အသွေးကောင်း၊ နိုင်ငံခြား Export ဈေးကွက်ဝင် စပါးမျိုးများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ကြရန်၊ ကုန်ထုတ်လုပ်မှုမြင့်မား၍ သီးနှံ စိုက်စွမ်းအားနှင့် သီးထပ်စွမ်းအား တိုးတက်စေရေး စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ အလေးထား ဆောင်ရွက်ကြရန် တောင်သူများအား ဟောပြောစည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)