ဖြူး မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ညောင်ပင်သာကျေးရွာနေပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများနှင့် UID ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်ကစတင်ကာ ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်း ကြီးကြပ်၍ ဝန်ထမ်းများမှ (၁၀) နှစ်ပြည့် ကျား (၄၁) ဦး၊ မ (၆၃) ဦး၊ (၁၈) နှစ်ပြည့် ကျား (၁) ဦး၊ မ (၁) ဦး၊ စုစုပေါင်း (၁၀၆) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)