ပျော်ဘွယ် မေ ၁၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ပြုလုပ်ပေးခြင်းကို မေလ ၁၁ ရက်၊ နံနက် ၁၁ နာရီက အဆိုပါဦးစီးဌာနရုံးတွင် ပြုလုပ်ပေးလျက်ရှိသည်။
အသက် ၁၀ နှစ်နှင့်အထက် ပြည်သူများအား မြို့နယ်ဦးစီးမှူး ဦးထက်ကိုအောင်နှင့် ဝန်ထမ်းများက နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ UID ကောက်ယူခြင်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ဆောင်ရွက်နေမှုများကို ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့် တာဝန်ရှိသူများက လေ့လာကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ရမည်းသင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူး ဦးစိုးမြင့် နှင့်တာဝန်ရှိသူများက အသက် ၁၀ နှစ်နှင့်အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တစ်ပါတည်း ပေးအပ်ခဲ့ကြောင်း၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး အနေဖြင့် ကျေးရွာများသို့လည်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)